10 Aug 12, 06:14 PM
ကတုံး: အစ်ကိုရယ် ဒီနေ၇ာမှာမိမိညွန်းချင်တဲ့ URL လင့်ကိုထည့်ပါ ဘာကိုပြောတာလဲ ရှင်းပြပေးပါလားကေူးဇူးပြုပြီး
10 Aug 12, 04:55 PM
မောင်စိုး: အစ်ကိုရေ ကျွန်တော်ဘလော့မှာ တင်ပြီးသမျှပိုစ်.လိုပေါ်ခြင်းတယ် ကူညီပေးပါနော်
21 Aug 12, 08:15 PM
မောင်ဇော်: အစ်ကို
ကျေးဇူးပြု၍ ရှင်းပြပါရန် မေတ္တာရပ်ခံပါတယ် အခုဖြစ်နေတဲ့  ဘလော့ ပြဿနာပါ..
ဒီလိုပါ အစ်ကို Showing posts with label ကဗျာများ. Show all posts
မပေါ်ဘူးဖြစ်နေတယ် .. နိုပ်လိုက်ရင် ဒီအတိုင်းပဲ အောက်မှ
21 Aug 12, 08:17 PM
မောင်ဇော်: ရေးထားတဲ့ ကဗျာများ ပေါ်မလာတော့ဘူး .. ရှင်းပြပေးပါရန် မေတ္တာရပ်ခံပါသည် ။
22 Aug 12, 09:11 AM
လွင်မင်းဗိုလ်: ကိုမောင်ဇော်ရေ..
Design >> Blog Posts >> Edit ကနေသွားပြီး
ပေါ်လာတဲ့ဘောက်စ်ထဲမှာ အမှန်ခြစ်လေးတွေကို တခုချင်းစီဖြုတ်၊
တပ်လုပ်ပြီးစမ်းကြည့်ပါဗျာ.. စိတ်ကြိုက်ဖြစ်ရင် Save လိုက်ပါ..
မစမ်းခင်အရင်ဆုံး မူရင်းအတိုင်းကို ဓါတ်ပုံရိုက်ယူထားလိုက်ပါ.. အမှာ�
22 Aug 12, 09:12 AM
လွင်မင်းဗိုလ်: အမှားဖြစ်ခဲ့ရင်ဓါတ်ပုံထဲကအတိုင်းပြန်ပြင်လို့ရအောင်လို့ပါ..
22 Aug 12, 12:29 PM
မောင်ဇော်: ဘာကို ဖြုတ်ရမှာလဲ အစ်ကိုရေ.. ဘယ်လိုမှ နားမလည်ဘူး ..ရှင်းပြပါနော် ..စောင့်မျော်နေလျှက်
ဒီပိုစ့်ကို
Blogger လူသစ်များအတွက် မသိမဖြစ် Blog
အသုံးပြုနည်းများလို့ ခေါင်းစဉ်တပ်လိုက်တာ အရမ်းများ လွန်သွားမလား
မသိဘူး..။ တကယ်တော့ ကျနော်ဆိုလိုချင်တာ၊ ကျနော်ရေးသားထားတဲ့
ဘလော့နည်းလမ်းလေးတွေက လက်ရှိကျနော်အသုံးပြုနေတဲ့
ကျနော့်ဘလော့ထဲက နေ့စဉ်အသုံးဝင်နေတဲ့ နည်းလမ်းလေးတွေကို တစိတ်တပိုင်း
စုစည်းတင်ပြထားခြင်းသာ ဖြစ်ပါတယ်.. စာဖတ်ယုံနဲ့ နားမလည်နိုင်ကြတဲ့ တချို့
Blogger လူသစ်များအတွက်ကို အဓိက ရည်ရွယ်ရေးသားထား ခြင်းသာဖြစ်ပါတယ်..။
ဒါကြောင့် အတတ်နိုင်ဆုံး ပုံလေးတွေနဲ့ ကြည့်ရအဆင်ပြေအောင်၊ နားလည်လွယ်အောင်
ရှင်းပြပေးထားတာပါ..။ ပါဝင်တဲ့ လုပ်နည်းလေးတွေကတော့
၁။ မိမိတို့ရဲ့ Blog မှ Template ကို Download/Restore နဲ့ Recovery လုပ်နည်း..
၂။ မိမိတို့ရဲ့ Blog မှ ပိုစ့်အားလုံးကို Download/Restore နဲ့ Recovery လုပ်နည်း..
၃။ မိမိတို့ရဲ့ Blog မှာ တင်ပြီးသမျှပိုစ့်များ လို့ပေါ်ချင်တဲ့သူများအတွက်..
၎။ Blog Post များရဲ့ အောက်ခြေမှာ လိုအပ်တာလေးတွေ ပြင်ဆင်ဖြည့်စွက်ချင်တယ်ဆိုရင်..
၅။ Post တပုဒ်မတင်ခင် ပြင်ဆင်ရမည့် အချက်များ.. Labels (Categories) များအသုံးပြုတတ်အောင်..
၆။ Blog စာမျက်နှာမှာ Labels (Categories) ပေါ်အောင် လုပ်နည်း..
၇။ Post တပုဒ်တင်တဲ့အခါ မိမိညွှန်းချင်တဲ့ လင့်ကို မြုပ်တတ်အောင်၊ သပ်ရပ်တဲ့
Post တပုဒ်ဖန်တီးခြင်း (Webpage လိပ်စာနဲ့ Download လင့်တွေ
ဘယ်လိုမြုပ်မလဲ)
၈။ Blog Sidebar မှာ Download လင့်မြုပ်ပြီး Animation အရုပ်လေး လှုပ်ရှားနေအောင် လုပ်နည်း
အရင်တုန်းက တချို့ဘလော့ဂါလူသစ်တွေ မေးထားတဲ့
မေးခွန်းလေးတွေကိုတော့ ပြန်ရှာ မရတော့လို့ ထည့်မပြတော့ပါဘူး..
သိပ်မကြာခင်က မေးခွန်းလေးတွေကိုတော့ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။
အပေါ်ဆုံးက အစိမ်းရောင် စာကြောင်းလေးတွေ အတိုင်းပါပဲ.. ဘလော့နဲ့ ပါတ်သက်လို့
တခြားလိုအပ်မယ် ထင်တာလေးတွေနဲ့၊ နာမည်ကြီး မြန်မာနည်းပညာ ဆိုဒ်တွေမှာ
ခဏခဏမေးမေးနေကြတဲ့ blog sidebar မှာ ဇော်ဂျီရုပ်လေး
လည်နေပြီး အောက်မှာ ဇော်ဂျီဖေါင့် ဒေါင်းလော့လင့်ကို ဘယ်လိုမြုပ်ရလဲ
ဆိုတာပါ လုပ်ပုံလုပ်နည်းကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။
လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..
ဒီပိုစ့်ကို ကျနော် PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. လိုအပ်တဲ့သူများ
အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3 MB ရှိပါတယ်..
Minus
Mediafire
၁။ မိမိတို့ရဲ့ Blog မှ Template ကို Download/Restore နဲ့ Recovery လုပ်နည်း..
Blogger တွေဟာ မိမိတို့ ဘလော့ရဲ့
Template ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လက်ရှိအသုံးပြုနေတဲ့
စိတ်ကြိုက်ဖြစ်နေတဲ့ အချိန်မျိုးမှာ မိမိတို့ ဘလော့ရဲ့ Template
ကို ဒေါင်းလော့ချပြီး သေချာတဲ့ နေရာတွေမှာ ဖိုင်တွေခွဲပြီး
သိမ်းထားသင့်ပါတယ်..။ Blog ရဲ့ HTML တွေကို ပြုပြင်တဲ့ အခါမျိုးတွေမှာ
ဒီလိုလုပ်ထားဖို့ ပိုအရေးကြီးပါတယ်..။ HTML တွေမှားထည့်မိလို့ပဲဖြစ်ဖြစ်၊
Read more button လိုမျိုး တစုံတခု ပြုပြင်လိုရင်ပဲ ဖြစ်ဖြစ် မလုပ်ခင်
အရင်ဆုံး Blog ရဲ့ Template ကို အရင် ဒေါင်းယူပြီး သိမ်းထားရမှာပါ..။
ပြီးမှ စိတ်ကြိုက်လုပ်ပါ..။ HTML ကုဒ်တွေ မှားချင်သလောက်မှား၊ မလုပ်ခင်
အရင်သိမ်းထားခဲ့တဲ့ ဒီ Template လေးကို Upload တင်ပြီး
Restore ပြန်လုပ်ပေးရင် အရင်အတိုင်း Blog ကို အကောင်းပြန်ရမှာပါ..။
လုပ်နည်းကလည်း လွယ်ပါတယ်..။ အောက်ကပုံလေးတွေအတိုင်း လုပ်ပေးလိုက်ရင်
ရပါပြီ..
Design >> Edit HTML ကနေသွားလိုက်ပါ..။ အောက်ကပုံလေးတွေ အတိုင်း ကြည့်ပြီး လုပ်ပေးလိုက်ပါ..
အပေါ်ပုံအတိုင်း Blog Template
ကို ဒေါင်းယူသိမ်းထားပြီးရင် အဲဒီဖိုင်လေးကို သေချာမှတ်ထားဖို့ လိုပါတယ်..။
ဒီအခန်းမှာ Google Chrome Browser နဲ့ ဒေါင်းယူပြထားတာပါ..။
နောက်တခန်းမှာတော့ Mozilla Firefox Browser နဲ့ လုပ်ပြထားပါတယ်..။ Template
ကို Restore ပြန်လုပ်တဲ့ အခါမှာတော့ အောက်ကပုံအတိုင်း Design >>
Edit HTML ကနေ သွားပြီး အောက်ပုံလေးအတိုင်း လုပ်ပေးလိုက်ရင် Template ကို
Restore လုပ်ပြီးသား ဖြစ်ပါပြီ..
------------------------------------------------------------------------------------------------------
၂။ မိမိတို့ရဲ့ Blog မှ ပိုစ့်အားလုံးကို Download/Restore နဲ့ Recovery လုပ်နည်း..
ဒီတခုကတော့ ပိုအရေးကြီးတဲ့
အပိုင်းပါ..။ မိမိတို့ရဲ့ Blog အဟတ်ခံရတဲ့ အခါ၊ ဒါမှမဟုတ် တစုံတခု
ပြုပြင်လိုက်လို့ ပျက်သွားတဲ့ အခါမျိုးတွေမှာ.. မိမိတို့ရဲ့ Blog မှာ
လက်ရှိတင်ထားတဲ့ ပိုစ့်တွေအားလုံးကို ဒေါင်းလော့ချပြီး သိမ်းထားဖို့ပါ..။
ပိုစ့်တွေဆိုပေမယ့် တကယ်တမ်း ဒေါင်းလော့ချတဲ့ အခါမှာတော့
ဘလော့စာမျက်နှာမှာ မြင်ရသလို စာတွေ၊ပုံတွေ ပါလာတာမဟုတ်ပါဘူး..။ XML
Document ဖိုင်လေးနဲ့ ရလာတာပါ..။ အဲဒီဖိုင်လေးကို ဖွင့်ကြည့်ရင်လည်း ဘာမှ
နားလည်မှာမဟုတ်ပါဘူး..။ ကျနော့် Blog မှာ တင်ထားတဲ့ ပိုစ့်အားလုံး
၂၀၀ ကျော်ကို XML Document နဲ့ သိမ်းလိုက်တာ ဖိုင်ဆိုဒ်က 2 MB ကျော်လေးပဲ
ရှိပါတယ်..။ ဘလော့မှာ ပြန်တင်လိုက်တဲ့ အခါမှာတော့ ပိုစ့်
၂၀၀ ကျော်ထွက်လာပါတယ်..။ ပုံတွေရော၊ စာတွေရော ၊ ဒေါင်းလော့လင့်တွေရော
အားလုံးပါပါတယ်..။ Read More နဲ့ Sidebar က ဟာတွေပဲ မပါတာပါ..။
ပိုစ့်အပြည့် ရပါတယ်..။ ဒါကြောင့် မိမိတို့ရဲ့ ဘလော့မှာ ပိုစ့်တွေများလာတဲ့
အခါ တလ တခါလောက် ဒီနည်းနဲ့ XML Document ဖိုင်ကို ဒေါင်းလော့ချပြီး
သိမ်းထားသင့်ပါတယ်..။ လုပ်နည်းကတော့ အောက်ပုံလေးတွေ အတိုင်းပါပဲ..
အရင်ဆုံး
Setting >> Export blog ကနေသွားပြီး အောက်ကပုံလေးတွေ အတိုင်း
လုပ်ပေးလိုက်ရင် ရပါပြီ..။ ဒီအခန်းမှာတော့ Mozilla Firefox Browser နဲ့
လုပ်ပြထားပါတယ်..။ Browser ၂မျိုးကို အသုံးပြုတတ်အောင်လို့ပါ..။
Save File နဲ့ သိမ်းပြီး
အဆင့်ဆင့် အောက်ကပုံလိုမျိုး ဖိုဒါတခုဖွင့်ပြီး မှတ်မိလွယ်တဲ့
နာမည်ပေးထားလိုက်ပါ..။ အဲဒီဖိုဒါထဲမှာ ဒီဖိုင်လေးကို သိမ်းထားလိုက်ပါတယ်..
ပိုစ့်တွေကို စုသိမ်းထားတဲ့ ဒီ XML
Document ဖိုင်ကို Restore ပြန်လုပ်ရင်တော့ အောက်ကပုံအတိုင်း Setting
>> Import blog ကနေသွားပြီး လုပ်ပေးလိုက်ရင်
အဆင်ပြေသွားပါလိမ့်မယ်..။
အောက်ကပုံမှာ နံပါတ်တွေနဲ့ အက္ခရာတွေကို
ကြည့်ရ ရှင်းလိမ့်မယ်လို့ ထင်ပါတယ်..။ နံပါတ်က နံပါတ်အတိုင်း၊ အက္ခရာက
အက္ခရာအတိုင်း ခွဲကြည့်ပါ..
------------------------------------------------------------------------------------------------------
၃။ မိမိတို့ရဲ့ Blog မှာ တင်ပြီးသမျှပိုစ့်များလို့ ပေါ်ချင်တဲ့သူများအတွက်..
ဒီအခန်းကို မေးထားတဲ့လူရှိလို့
ထည့်ပေးလိုက်တာပါ..။ ဘယ်လိုလုပ်ရလဲဆိုတာ အောက်မှာ ဆက်ကြည့်ပါဗျာ.. Add a
Gadget ကနေသွားလိုက်ပါ.. Blog Archive ကိုရှာပြီးကလစ်ပါ..
ကျနော့် ဘလော့မှာ
အပေါ်ကပုံအတိုင်း ပြင်ထားပါတယ်..။ အပေါ်ပုံမှာ အစက်ကလေးတွေနဲ့
အမှန်ခြစ်နေရာတွေမှာ မိမိတို့ စိတ်ကြိုက် ပြုပြင်လို့ ရပါတယ်..။ ဒီပုံကတော့
ကျနော့်ဘလော့မှာ ယူထားတဲ့ အတိုင်းပြပေးလိုက်တာပါ..။ အောက်ကပုံအတိုင်း
မိမိတို့ ထားချင်တဲ့ နေရာမျာ ရွှေ့ထားလိုက်ပြီး Save ပေးလိုက်ရင်တော့
ဘလော့စာမျက်နှာမှာ ညာဘက်အခြမ်းကလို ပေါ်နေပါပြီ..
----------------------------------------------------------------------------------------------------
၎။ Blog Post များရဲ့ အောက်ခြေမှာ လိုအပ်တာလေးတွေ ပြင်ဆင်ဖြည့်စွက်ချင်တယ်ဆိုရင်..
ဒီတခုကလည်း အပေါ်မှာ ဖေါ်ပြထားသလို
ကိုမောင်ဇော်မေးထားတဲ့ မေးခွန်းလေးနဲ့ တိုက်ဆိုင်မယ်ထင်ပါတယ်..။
ကိုမောင်ဇော်မေးတာ သိပ်မရှင်းလို့ ဒီအတိုင်းပဲ ဖေါ်ပြပေးလိုက်တာပါ..
ဒီပုံကတော့ ကျနော့်ဘလော့ပိုစ့်ရဲ့ Edit နေရာမှာ ပြင်ထားတဲ့ အတိုင်းလေးပါ..။
ဒီလို အပြောင်းအလဲ လေးတွေ မလုပ်ခင် အရင်ဆုံး Blog Post ရဲ့ အနေအထားကို
ဓါတ်ပုံရိုက်ယူထားလိုက်ပါ..။ ပြီးမှ ပြင်ပါ..။ အမှားဖြစ်ခဲ့ရင် ပုံလေးကို
ကြည့်ပြီး ပြန်ပြင်လို့ အဆင်ပြေပါတယ်..။
ဘလော့စာမျက်နှာမှာတော့ အောက်ကပုံအတိုင်း ပေါ်နေပါပြီ..။